ဝက်ခ်ဟာအဏ္ဏဝါပြတိုက်သည် "ပရာချောပ်ခီရီခန်းပြည်နယ်၊ဝက်ခ်ဟာမှဘုရင်မွန်ခ်ကတ်သိပ္ပံဥယျာဉ်"
၏အစိတ်အပိုင်းတစ်ခုဖြစ်သည်။ဤပြတိုက်သည်ကလေးသူငယ်များ၊ကျောင်းတွင်းပညာရေးစနစ်သာမကအ
လွတ်သင်ပညာရေးစနစ်ရှိကျောင်းသားကျောင်းသူများ၊အစိုးရဝန်ထမ်းများ၊စီးပွားရေးလုပ်ငန်းရှင်များ၊ပြည
သူလူထု၊ထိုင်းနိုင်ငံသားများနှင့်နိုင်ငံခြားသားများအတွက်ရေကြောင်းပညာသိပ္ပံ၊သဘာဝသိပ္ပံနှင့်ပတ်ဝန်းကျ
င်ဆိုင်ရာပညာရပ်များလေ့လာနိုင်သောနေရာအဖြစ်ရည်ရွယ်ဖွင့်လှစ်ထားခြင်းဖြစ်သည်။ပျော်ရွှင်ဖွယ်ကောင်း
၍ပညာရသောလှုပ်ရှားမှုများ၊ပြပွဲများတက်ရောက်ပြည်သူလူထုများမိမိတို့ကိုယ်တိုင်သင်ယူလေ့လာနိုင်သော
ပညာပေးအဖွဲ့အစည်းတစ်ခုအဖြစ်အကောင်အထည်ဖော်ရန်ရည်ရွယ်ထားပါသည်။ဤလှုပ်ရှားမှုများနှင့်ပြပွဲမျ
ားသည်လာရောက်လည်ပတ်သူများကိုယ်တိုင်ပါဝင်အသုံးပြုနိုင်သောပြပွဲပစ္စည်းကိရိယာများနှင့်သူတို့၏နေ့စ
ဉ်အကျိုးရှိစေမည့်အတွေ့အကြုံနှင့်ဗဟုသုတများပေးစေသောခေတ်သစ်နည်းပညာရပ်များကိုအသုံးပြုထားသည်။

       ထိုအဏ္ဏဝါပြတိုက်၁၉၉၉မှ၂၀၀၁ခုနှစ်အထိဆောက်လုပ်ခဲ့ပြီး၂၀၀၂ခုနှစ်တွင်အပြီးဆောက်လုပ်ပြီးစီးခဲ့သည်။
ဆောက်လုပ်ရေးကုန်ကျငွေမှာ၁၆၃,၂၃၀,၀၀၀ဘတ်ငွေဖြစ်သည်။ဧက၃၆၀၀စတုရန်းမီတာအကျယ်အဝန်းရှိ
အဏ္ဏဝါပြပွဲကို၂၀၀၃ခုနှစ်နှင့်၂၀၀၄ခုနှစ်တွင်ပြုလုပ်ခဲ့ပြီးရေအရင်းအမြစ်တို့၏ဂေဟစနစ်နှင့်အညီအဏ္ဏါသ
တ္တဝါအမျိုးမျိုးပြသခဲ့သောပြပွဲကို၃၂,၁၇၀
,၈၀၀ဘတ်အကုန်အကျခံ၍ကျင်းပခဲ့သည်။အကြောင်းအရာရှင်းပြပေးသောအသံလွှင့်စက်များဖြင့်လည်းဝန်
ဆောင်မှုပေးသည်။လာရောက်လေ့လာသူများသည်ဂေဟစနစ်လေ့လာရေးခရီးစဉ်လိုက်ပါခြင်းအားဖြင့်ရေ
အရင်းအမြစ်(ရေချို၊ရေငန်၊ပင်လယ်ရေ) တို့၏ဂေဟစနစ်အကြောင်းဗဟုသုတများစွာရရှိနိုင်မည်ဖြစ်သည်။